Japan Tsukuba International Language College မှ ကြိုဆိုပါတယ်

TLC ဆိုတာ ဘာကို ဆိုလိုတာပါသလဲ? အဓိပ္ပါယ် ကတော့ " Japan Tsukuba International Language College (ဂျပန် စုခုဘ နိုင်ငံတကာ ဘာသာစကား သင်တန်းကျောင်း)" လို့ အမည်ရတဲ့ ဂျပန်ဘာသာစကားကို အထူးပြုသင်ကြာပေးနေသည့် သင်တန်းကျောင်း ဖြစ်ပါသည် ။
TLC ကို ဘယ်မှာ ဖွင့်လှစ်ထားတာပါသလဲ? "TLC ကို Tokyo မြို့မှ ရထားဖြင့် ၄၅ မိနစ်မျှသာ သွားရသည့် Ibaraki ခရိုင် ၊ Tsukuba မြို့တွင် ဖွင့်လှစ်ထားလျက် ရှိပါသည် ။ ကြီးမားသည့် Tsukuba တောင်ကြီးဖြင့် ဝန်းရံထားခြင်းခံရသည့် Tsukuba မြို့ဟာ စိမ်းလန်းစိုပြေသော မြို့ဖြစ်သည့်အပြင် "ပညာရေးနှင့် သုတေသနမြို့" တခု အဖြစ်လည်း ဂျပန်အစိုးရမှ အမည်ပေး ဖော်ဆောင်ခဲ့သည် ။ နိုင်ငံအဆင့် အမျိုးသားသုတေသန အဖွဲ့အစည်းများဟာ Tsukuba မြို့တွင် အခြေစိုက်စုစည်းပြီး နိုင်ငံအသီးသီးမှ သုတေသန ပညာရှင်များလည်း လာရောက် ပညာသင်ကြားလျက် ရှိသော မြို့ဖြစ်ပါသည် ။ ထို့အပြင် နိုင်ငံတကာမှာ ဘွဲ့လွန် ၊ ဘွဲ့ကြို ကျောင်းသား ၊ ကျောင်းသားများ တက်ရောက် သင်ကြားလျက်ရှိသော National University of Tsukuba ရဲ့ မွေးဖွားရာ မိခင်မြို့လည်း ဖြစ်ပါသည် ။ တနည်းအားဖြင့်ဆိုသော် Tsukuba မြို့သည် သဘာဝ တောတောင်ရှုခင်းများ ခြံရံ၍ စိမ်းလန်းစိုပြေသော မြို့ဖြစ်သည့် အပြင် ကမ္ဘာ့နိင်ငံအနှံအပြားမှ လူမျိုးပေါင်းစုံ ၊ ယဥ်ကျေးမှုပေါင်းစုံ ပညာတော်သင်များ အတူစုစည်း နေထိုင်ရာ ခေတ်မီတိုးတက်သည့် အပြည်အပြည်ဆိုင်ရာ ပညာရေးနှင့် သုတေသနဆိုင်ရာ မြို့တခု လည်း ဖြစ်ပါသည် ။"

Tsukuba မြို့ ဆိုတာက?

နိုင်ငံအဆင့် သုတေသနအဖွဲ့အစည်း အများအပြားဟာ Tsukuba မြို့တွင် အဘယ့်ကြောင့် ဖွင့်လှစ်တည်ထောင်ထားကြပါသလဲ? အဓိက အကြောင်းအရင်းမှာမူ Tsukuba မြို့၏ တည်နေရာနှင့် ပတ်ဝန်းကျင် ပထဝီမြေပြင် သဘောသဘာဝ ‌‌‌ကြောင့် ပင် ဖြစ်သည် ။ Tsukuba တောင်မှ ခွဲဖြာဆန့်ထွက်လာသော ကျယ်ပြောသည့် မြေပြန့်လွင်ပြင်မှာ ငလျင်ဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိသော‌ကြောင့် ဆူနာမီ ဘေးအန္တရာယ် အတွက် စိုးရိမ်စရာ မလိုပေ ။ သဘာဝ တောတောင် သစ်ပင်များဖြင့် စိမ်းလန်းစွာ ခြံရံထားသော‌ကြောင့် လေထုညစ်ညမ်းမှုလည်း နိမ့်ကျပြီး ကြည်လင်သော ကောင်းကင် ၊ သန့်ရှင်းသော လေထု ၊ တိတ်ဆိတ်သော ဝန်းကျင် တို့ကိုလည်း နေ့စဥ်ဘဝတွင် ခံစားရရှိနေပါသေးသည် ။ Tsukuba မြို့သည် Tokyo မြို့၏ အနီးနားတွင် တည်ရှိနေသော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အိမ်ဌားရမ်းခ ၊ အဆောင်ဌားရမ်းခနှုန်းမှာ Tokyo မြို့ထက် ထက်ဝက်ခန့် စျေးသက်သာသည့်အပြင် ‌ဒေသအတွင်း စိုက်ပျိုးရေး လုပ်ငန်းများကလည်း တွင်ကျယ်စွာစိုက်ပျိုး ထုတ်လုပ်သော‌ကြောင့် စျေးနှုန်းချိုသာ၍ လတ်ဆတ်သော အသား ၊ ငါး ၊ ဟင်းသီးဟင်းရွက် ၊ အသီးအနှံ ၊ ဆန်စပါး အစရှိသည့် ဒေသထွက် အစားအစာ များကို အလွယ်တကူဝယ်ယူရရှိ နိုင်သည့် အတွက် နေထိုင်မှုစရိတ် ကုန်ကျငွေမှာ များစွာ သက်သာပါသည် ။ တိတ်ဆိတ်အေးချမ်းသော ပတ်ဝန်းကျင် ၊ စျေးနှုန်းသက်သာသော ဒေသထွက် စိုက်ပျိုးသီးနှံများသာမက ခေတ်မီ သန့်ရှင်း လှပသော စူပါမားကတ်ကြီးများ ၊ စတိုးဆိုင်များ ၊ စားသောက်ဆိုင်များလည်း မြို့အနှံ့တွင် ဖွင့်လှစ် ထားသော‌ကြောင့် သင် စိတ်ကူးထားသော ဂျပန်နိုင်ငံ၏လူနေမှုဘဝအတိုင်း နေထိုင်နိုင်မည်လည်း ဖြစ်ပါသည် ။ ထို့‌ကြောင့် ဂျပန်ဘာသာစကားကို စိတ်ဝင်စားပြီး ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာစကား သင်တန်းကျောင်း ကို တက်ဖို့စိတ်ကူးထားပါက Tsukuba မြို့တွင့် ဖွင့်လှစ်ထားသော Japan Tsukuba International Language College ထက်ပို၍ ကောင်းမွန်သည့်နေရာ မရှိနိုင်တော့ပါ ။

ပညာသင်ထောက်ပံ့ကြေးစနစ်

၁။.ကျောင်းတက်နေစဥ်ကာလအတွင်း ဂျပန်ဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ (JLPT) N4 Level နှင့် အထက် စာမေးပွဲများ အောင်မြင်ပါက အောက်ပါ ပညာသင် ထောက်ပံ့ကြေးများကို ဂုဏ်ပြုဆုကြေး အဖြစ် ခံစားခွင့်ရမည် ဖြစ်ပါသည် ။
○N1 Level:ယန်း 50,000 (ဂုဏ်ပြုဆုကြေး)
○N2 Level:ယန်း 30,000 (ဂုဏ်ပြုဆုကြေး)
○N3 Level:ယန်း 20,000 (ဂုဏ်ပြုဆုကြေး)
○N4 Level:ယန်း 10,000 (ဂုဏ်ပြုဆုကြေး)
၂။. ကျောင်းတက်မှန် ဂုဏ်ပြုဆု / လုံ့လဝီရိယဂုဏ်ပြုဆု (ဂုဏ်ပြုဆုကြေး)
○ကျောင်းခေါ်ချိန် တလျောက်လုံး ခွင့်ပျက်ရက်မရှိ 100% ကျောင်းမှန်မှန်တက် ရောက်ပါက- ယန်း ၁၀,၀၀၀ (ဂုဏ်ပြုဆုကြေး)
○တစ်နှစ်တာလုံး 95% နှင့်အထက် ကျောင်းမှန်မှန်တက်ရောက်ပါက- ယန်း ၅,၀၀၀ (ဂုဏ်ပြုဆုကြေး)
၃။.ကျောင်းတက်နေစဉ် ကာလအတွင်း ဝင်ခွင့်ရရန် ခက်ခဲသော ဂျပန်နိုင်ငံရှိသည့် အစိုးရတက္ကသိုလ် တစ်ခုခုတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပါက
○ဂုဏ်ပြုဆုကြေးငွေ ယန်း ၅၀,၀၀၀

ကျောင်းဝင်ခွင့်လျှောက်ရန် လမ်းညွှန် (နိုင်ငံရပ်ခြားတွင်နေထိုင်သူများအတွက်)

သင်တန်းကာလ

“၂ နှစ်” သို့မဟုတ် “၁ နှစ် နှင့် ၆ လ” သင်တန်းများမှ ရွေးချယ်နိုင်သော ဘာသာရပ် သင်ရိုး

သင်တန်းကာလ ကျောင်းတက်ရောက်မှု ဝင်ခွင့်စတင်သည့် လ ကျောင်းဝင်ခွင့်လျှောက်လွှာ လက်ခံသည့်ကာလ သတ်မှတ်ထားသည့် လူဦးရေ စာသင်ချိန်
၂နှစ် သင်တန်း ဧပြီလ (၄ လပိုင်း) သြဂုတ် ၁ ရက်မှ အောက်တိုဘာ ၁၅ ရက် အယောက် ၆၀ ◎အတန်းချိန်များမှာ တစ်ပတ်လျှင် ၅ ရက်၊ တစ်ရက်လျှင် ၅ ကြိမ် (တစ်ကြိမ်လျှင် ၄၅ မိနစ်) ဖြစ်ပြီး မနက်ပိုင်းတန်းခွဲ နှင့် နေ့လည်ပိုင်းတန်းခွဲစနစ် ဖြင့် အလှည့်ကျ သင်ကြားလျက်ရှိပါသည် ။
◎အတန်းခွဲမှုစနစ်ကို အရည်အချင်းစစ်စာမေးပွဲစနစ်ဖြင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။
・မနက်ပိုင်းတန်းခွဲအချိန် - (မနက် ၉း၁၅ မှ နေ့လည် ၁၂း၄၅)
・နေ့လည်တန်းခွဲအချိန် - (နေ့လည် ၁း၃၅ မှ ညနေ ၅း၀၅)
၁နှစ် နှင့် ၆လ သင်တန်း အောက်တိုဘာလ (၁၀ လပိုင်း) မတ်လ ၁ ရက်မှ မေလ ၁၀ ရက်အထိ အယောက် ၄၀
လျှောက်လွှာတင်ရန် လိုအပ်သည့် အရည်အချင်းများ
(၁) နိုင်ငံရပ်ခြား ကျောင်းပညာရေး ၁၂နှစ် ပြီးမြောက်ထားသူ (ပြီးဆုံးကြောင်း ထောက်ခံချက်ရှိသူ) သို့မဟုတ် အသက်၁၈နှစ်နှင့် အထက်ရှိသူ ။
(၂) နိုင်ငံရပ်ခြား အထက်တန်းကျောင်း ပြီးမြောက်ပြီးနောက် တက္ကသိုလ်တက်ရောက်ရန် အောင်လက်မှတ် ရရှိထားသူ ။
(၃) နံပါတ် ၁ နှင့် ၂ အချက် နည်းတူ အရည်အချင်းရှိသည့် သက်ဆိုင်ရာ ပညာရေးနယ်ပယ် (သို့) တက္ကသိုလ် တခုခုမှ အသိအမှတ် ပြုခံထားရသူ ။
(၄) TLC ဂျပန်ဘာသာ
(၅) ကျောင်းလျှောက်လွှာမတင်မီ နာရီ ၁၅၀ ဂျပန်စာကို လေ့လာထားရှိသူ ဖြစ်ရမည် ဖြစ်ပါသည် ။ သို့မဟုတ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) N5 Level အောင်မြင်ထားသူ ဖြစ်ရပါမည် ။

အင်တာဗျူးနှင့်ပတ်သတ်၍

  • SkypeSkype
  • ZoomZoom

သင်တန်း နှင့် ကျောင်းလခ

သင်တန်း ကျောင်းလခပေးချေစနစ် ကျောင်းဝင်ခွင့် စစ်ဆေးခြင်း စာမေးပွဲကြေး (Screening Test) ကျောင်းဝင်ကြေး ကျောင်းလခ အခြားကုန်ကျစရိတ် စုစုပေါင်း စုစုပေါင်းပမာဏ
ကျောင်းဆက်တက်ခြင်း ၂ နှစ်သင်တန်း (ဧပြီဝင်ခွင့်) ပထမနှစ် (အပြည့်အဝပေးချေခြင်း) ဧပြီလ မှ နောက်နှစ် မတ်လ 20,000ယန်း သက်သာကင်းလွတ်ခွင့် 600,000ယန်း 45,000ယန်း 665,000ယန်း 665,000ယန်း
ပထမနှစ် (အရစ်ကျပေးချေခြင်း) ဧပြီလ မှ စက်တင်ဘာလ 20,000ယန်း 50,000 300,000ယန်း 45,000ယန်း 415,000ယန်း 715,000ယန်း
အောက်တိုဘာလ မှ နောက်နှစ် မတ်လ - - 300,000ယန်း - 300,000ယန်း
ဒုတိယနှစ် ဧပြီလ မှ စက်တင်ဘာလ - - 300,000ယန်း 45,000ယန်း 345,000ယန်း 645,000ယန်း
အောက်တိုဘာလ မှ နောက်နှစ် မတ်လ - - 300,000ယန်း - 300,000ယန်း
ကျောင်းဆက်တက်ခြင်း ၁ နှစ် နှင့် ၆ လ သင်တန်း (အောက်တိုဘာဝင်ခွင့်) ပထမနှစ် (အပြည့်အဝပေးချေခြင်း) အောက်တိုဘာလ မှ နောက်နှစ် စက်တင်ဘာလ 20,000ယန်း သက်သာကင်းလွတ်ခွင့် 600,000ယန်း 45,000ယန်း 665,000ယန်း 665,000ယန်း
ပထမနှစ် (အရစ်ကျပေးချေခြင်း) အောက်တိုဘာလ မှ နောက်နှစ် မတ်လ 20,000ယန်း 50,000 300,000ယန်း 45,000ယန်း 415,000ယန်း 715,000ယန်း
ဧပြီလမှ နောက်နှစ် စက်တင်ဘာလ - - 300,000ယန်း - 300,000ယန်း
ဒုတိယနှစ် အောက်တိုဘာလ မှ နောက်နှစ် မတ်လ - - 300,000ယန်း 22,500ယန်း 322,500ယန်း 322,500ယန်း

※ကျောင်းလခကို ၆လတစ်ကြိမ်ခွဲကာ အရစ်ကျစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပြီး တစ်ကြိမ်တည်း အပြည့်ပေးသွင်းပါက ကျောင်းလခ စုစုပေါင်း ကျသင့်ငွေမှ ယန်း ၅ သောင်း သက်သာခွင့်ရမည် ဖြစ်ပါသည်။
※အခြားသော ကုန်ကျစရိတ်များ အဖြစ် - ကျောင်းပရနဂုဏ်အတွင်းရှိ Facility များ အသုံးပြုခြင်းအတွက် ကုန်ကျစရိတ် / သင်ကြားရေးပစ္စည်း ကုန်ကျစရိတ် / စာသင်ထောက်ကူပစ္စည်း ကုန်ကျစရိတ် / သင်ရိုးပြင်ပ လှုပ်ရှားမှု ကုန်ကျစရိတ် / ကျန်းမာရေး စစ်ဆေးမှု ကုန်ကျစရိတ် / ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ရန် ကုန်ကျစရိတ် / ကျောင်းသား အာမခံ ကုန်ကျစရိတ်

ကျောင်းသားဗီဇာ လျှောက်ထားလိုပါက သတ်မှတ်ထားသော‌ ကျောင်းလျှောက်လွှာ တင်သွင်းခွင့် နောက်ဆုံးရက်မတိုင်မှီ info@tlc.ac.jp သို့ ကျောင်းလျှောက်လွှာပုံစံ၊ ဘွဲ့လက်မှတ်၊ ကျောင်းအမှတ်စာရင်းများ နှင့် ဝန်ခံကတိလွှာ တို့ကို soft pdf (PDF format Document) အဖြစ် စကင်န် (scan)ဖတ်ကာ တပါတည်း ပူးတွဲပေးပို့ရမည် ဖြစ်ပါသည်။

စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက်၊ ကျောင်းဝင်ခွင့် အင်တာဗျူးမည့် ရက်ကို ပြန်လည် ဆက်သွယ်မည် ဖြစ်ပါသည်။

* ကျောင်းလျှောက်လွှာပုံစံနှင့် ဝန်ခံကတိလွှာတို့ကို အောက်ပါလင့်တွင် ဒေါင်းလုဒ်လုပ်၍ ရယူနိုင်ပါသည်။

အဓိကကျသော သင်ထောက်ကူပစ္စည်းများ ဓါတ်ပုံ

ကျောင်းဝင်ခွင့်လုပ်ဆောင်ပုံအဆင့်ဆင့်။

ဧပြီလ အတွင်း ကျောင်းဝင်ခြင်း။အောက်တိုဘာလ အတွင်း ကျောင်းဝင်ခြင်း။

စာရွက်စာတမ်း‌ စိစစ်ရွေးချယ်ခြင်း နှင့် အင်တာဗျူးခြင်း။ ယခင်နှစ် သြဂုတ်လ မှ မတ်လ အထိ။
လျှောက်လွှာတင်ရန် သတ်မှတ်ချိန်ကာလ။ ယခင်နှစ် အောက်တိုဘာလ လလယ်။ မေလ လလယ်။
လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်လွှာတင်သွင်းခြင်း။ ယခင်နှစ် နိုဝင်ဘာ လကုန်ပိုင်း။ ဇွန်လ လဆန်းပိုင်း။
ကျောင်းသားနေထိုင်ခွင့် (C.O.E) လက်မှတ်ရရှိခြင်း ။ ဖေဖော်ဝါရီ လကုန်ပိုင်း။ သြဂုတ်လ လကုန်ပိုင်း။
ကျောင်းဝင်ကြေး နှင့် ကျောင်းလခ ပေးသွင်းရန် သတ်မှတ်ကာလ။ မတ်လ ၅ ရက် ဝန်းကျင်။ စက်တင်ဘာလ ၅ ရက် ဝန်းကျင်။
ကျောင်းသားနေထိုင်ခွင့်လက်မှတ် (C.O.E) ပို့ဆောင်ခြင်း။ ကျောင်းဝင်ကြေး နှင့် ကျောင်းလခ ပေးသွင်းခြင်း အတည်ပြုပြီးနောက် ကျောင်းဝင်ကြေး နှင့် ကျောင်းလခ ပေးသွင်းခြင်း အတည်ပြုပြီးနောက်
ဗီဇာလျှောက်ထားခြင်း။ မတ်လ ၁၀ ရက် ဝန်းကျင်။ စက်တင်ဘာလ ၁၀ရက် ဝန်းကျင်။
ဗီဇာထုတ်ပေးခြင်း။ မတ်လ ၂၀ ရက် ဝန်းကျင်။ စက်တင်ဘာလ ၂၀ ရက် ဝန်းကျင်။
ဂျပန်သို့လာရောက်ခြင်း ။ မတ်လ လကုန်ပိုင်း မှ ဧပြီလ လဆန်းပိုင်း။ စက်တင်ဘာလ လကုန်ပိုင်း မှ အောက်တိုဘာလ လဆန်းပိုင်း။
ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက် လိုအပ်မည့်ပစ္စည်းများ။
ပတ်စပို့ (နိုင်ငံကူးလက်မှတ်) / ကျောင်းသားဗီဇာ / လေယာဉ်လက်မှတ် / ပုံမှန်သုံးစွဲနေသော ဆေးဝါးများ / အဝတ်အထည် / ဂျပန်ယန်းငွေ

မိမိ သယ်ယူဆောင်လာသော ဂျပန်ယန်းငွေ ပမာဏပေါ်မူတည်၍ နေထိုင်ရမည့် အဆောင်ပုံစံမှာ ကွဲပြားနိုင်မည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက် နေ့စဥ်နေထိုင်ရန် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန်အတွက်လည်း ဂျပန်ယန်းငွေ လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့ကျောင်းတွင် ကျောင်းသားများ အတွက် ကျောင်းအဆောင်များ ထားရှိထားသောကြောင့် အိမ် (သို့) အဆောင် ဌားရမ်းနေထိုင်ရန် ကိုယ်တိုင်ရှာဖွေ စုံစမ်းစရာ မလိုတော့ပဲ စျေးနှုန်းသက်သာပြီး အဆင်ပြေသည့် ကျောင်းအဆောင်များတွင် နေထိုင်နိုင်မည် ဖြစ်ပါသည် ။

ကျောင်းသားအဆောင်နှင့် ပတ်သတ်၍

အဆောင်ကြေး ယန်း 25,000 ပါဝင်သည့် စရိတ်များ - စက်ပစ္စည်းဝယ်ယူမှုစရိတ် / သန့်ရှင်းရေးစရိတ် / ပြုပြင်စရိတ် / မီးအာမခံ/ အိမ်ခြံမြေမိတ်ဆက်ခ အစရှိသည်
စက်ပစ္စည်းအသုံးပြုခ ယန်း 25,000 ပါဝင်သည့် ပစ္စည်းများ - ရေခဲသေတ္တာ / အဝတ်လျှော်စက် / မိုက်ခရိုဝေ့ဖ်မီးဖို / ခေါက်ခုတင် / ဂတ်စ်မီးဖို / ဂျပန်စတိုင်မွေ့ယာ (သို့သော် ဖူတွန်အစုံလိုက်ကိုတော့ ကိုယ်တိုင်ဝယ်ရပါမည်။ )
စပေါ်ငွေ ယန်း 35,000 စပေါ်ငွေမှာ ‌ကျောင်းအဆောင်အတွက် စပေါ်အဖြစ် ပေးရသော ငွေဖြစ်ပါသည်။ ကျောင်းအဆောင်မှ ပြောင်းရွှေ့သည့် အခါ ကျောင်းအဆောင်ခ၊ ရေမီးဂတ်စ်အသုံးစရိတ်များကို ပေးဆောင်ရမည်ဖြစ်ပြီး အခန်းအခြေအနေကို လေ့လာစစ်ဆေးပြီး အခန်းတွင်း ပရိဘောဂနှင့် ထည့်သွင်းပေးထားသော ပစ္စည်းများ ပျက်စီးထိခိုက်မှု ပြဿနာမရှိပါက အခန်းသန့်ရှင်းရေးကြေး ပေးဆောင်ပြီးနောက် ပိုငွေအား တွက်ချက်ကာ ပြန်အမ်းမည် ဖြစ်ပါသည်။
ကျောင်းအဆောင် ၁လ/၁ယောက်အခန်း
၂၅,၀၀၀ မှ ၃၅,၀၀၀ ယန်း
၆လတစ်ကြိမ် စာချုပ်ချုပ်ဆောင်သွားပါမည် ဖြစ်ပြီး ကျောင်းအဆောင်လခမှာ ၃လတစ်ကြိမ် ပေးဆောင်ရမည် ဖြစ်ပါသည် ။ ၁ ယောက်ခန်းနှင့် မဟုတ်ပဲ အများနှင့်တွဲနေသော ကျောင်းသားများအတွက် နိုင်ငံအလိုက်သော်လည်းကောင်း ၊ အမျိုးသား ၊ အမျိုးသမီးအလိုက် သော်လည်းကောင်း အဆောင်များကို သီးခြားစီခွဲကာ စီစဥ်ပေးမည် ဖြစ်ပါသည် ။

ကျောင်းဝင်ခွင့်လမ်းညွှန် - ဂျပန်မှာနေထိုင်နေသူများအတွက်

သင်တန်း

သီးသန့်အတန်းချိန် (လက်မှတ်ဝယ်ယူစနစ်) မိနစ် ၆၀ - ယန်း ၃၀၀၀
အတန်းချိန် (လစဥ်ကြေးစနစ်) ယန်း ၅၀,၀၀၀
ကျောင်းတက်ရန် ဆက်လက်ပြင်ဆင်မှုအတွက် နိုင်ငံအသီးသီးမှ ကျောင်းသားများနှင့် အတူတူ လေ့လာရမည် ဖြစ်ပါသည် ။
အတန်းချိန် မနက်ပိုင်းအတန်း ၉နာရီ၁၅မိနစ် မှ နေ့လည် ၁၂နာရီ ၄၅မိနစ် ။
နေ့လည်ပိုင်းအတန်း ၁နာရီ ၃၅မိနစ် မှ ညနေ ၅ နာရီ ၅မိနစ် ။
※သင်တန်းတွင်း သတ်မှတ်ထားသည့် လူဦးရေ သတ်မှတ်ထားသော
※အတန်းခွဲများမှာ ဂျပန်စာအရည်အချင်း အဆင့်အလိုက်ကွဲပြားမည် ဖြစ်ပြီး မိမိ စိတ်တိုင်းကျ ကိုယ်တိုင် ရွေးချယ်ခြင်းမပြု လုပ်နိုင်ပါ။
သီးသန့် အတန်းသင်တန်းများ တောင်းဆိုလိုသည့်အချက်များနှင့် မိမိ၏ဘတ်ဂျက်ငွေကြေး အပေါ်မူတည်ပြီး ကျောင်းမှ ညှိနှိုင်းစီစဥ်ပေးမည် ဖြစ်ပါသည် ။ မည်သည့်ကိစ္စ ကြီးငယ်မဆို ကျောင်းမှ တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။
ကျောင်းမှ လှုပ်ရှား လုပ်ဆောင်မှုများ
  • ကိုရီးယားနိုင်ငံ Yeonsung တက္ကသိုလ် နွေရာသီ ကာလတို အထူးအစီအစဉ်
  • ကလေးငယ်များအတွက် အတန်းသင်ခန်းစာများ
  • JLPTအတွက်ပြင်ဆင်မှုသင်ခန်းစာများ
  • ၂ယောက်တွဲအတန်းချိန်
  • အဖွဲလိုက်အတန်းချိန်
  • အင်တာနက်သီးသန့် အတန်းချိန်
  • အဖွဲ့လိုက် လိုက်လံသင်ပေးသည့် အတန်းချိန် အစရှိသည်

လျှောက်လွှာပုံစံ

ကျောင်းဝင်ခွင့် သတ်မှတ်ထားသည့် အရည်အချင်းတွင် တက်ရောက်မည့် ကျောင်းသားမှာ အနည်းဆုံး ၁၈နှစ် အထက်ဖြစ်ရမည် ဆိုသော်လည်း အသေးစိတ် ညှိုနှိုင်းလိုပါက ကျွန်ုပ်တို့ကျောင်းမှ ကျောင်းတာဝန်ခံများနှင့် ထပ်မံ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

သင်တန်း နှင့် သင်တန်းကြေး

ပထမဦးစွာ ကျောင်းမှ တက်ရောက်မည့် ကျောင်းသားအား လိုအပ်သည့် အကြံပေးမှု ကိုလုပ်ဆောင်ပြီး ကျောင်းသား၏ နောက်ခံ ပညာအရည်အချင်းကို မေးမြန်းကာ ကျောင်းသားမှ တက်ရောက်လို သောအတန်း နှင့် တက်ရောက်လိုသောရက်တို့ကို နားထောင်ပါမည်။

ထို့နောက် လိုအပ်ပါက အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးခြင်း များကို ဆက်လက် လုပ်ဆောင် ပါမည် ။ ထို့အပြင် တက်ရောက်ခွင့်ရမည့် အတန်းများမှာလည်း ကျောင်းသားမှ ကိုင်ဆောင်ထားသော ဗီဇာအလိုက် ကွဲပြားမှုများ ရှိသည့်အတွက် အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ သိရန် ကျောင်းမှ ဆက်သွယ်ရန် ဖော်ပြထားသည့် ဖုန်း ၊ E mail လိပ်စာတို့မှ တဆင့် ရှေးဦးစွာ ဆက်သွယ်စုံစမ်းရန် လိုအပ်ပါသည် ။

ပြန်အမ်းငွေနှင့်ပတ်သတ်၍ (ပြန်အမ်းငွေသတ်မှတ်ချက်)
ပေးသွင်းပြီးသော ကျောင်းလခနှင့် အဆောင်လခများကို ပြန်လည်ပေးအမ်းမည်မဟုတ်ပါ။
ကျောင်းဝင်ခွင့် ရရှိပြီးနောက် အောက်ပါအချက်များဖြစ်သော ဝင်ကြေးပုံစံခ ၊ ကျောင်းလခ ၊ ငွေလွှဲခ စသည့်ပမာဏများအား နှုတ်ယူကာ ပြန်လည်အမ်းပေးမည် ဖြစ်ပါသည်။ သို့သော် ကျောင်းဝင်ခွင့်အား ပြန်လည်အပ်နှံပြီး မိမိ ဗီဇာမထုတ်ရသေးသည့် အကြောင်း သက်သေပြ စစ်ဆေးနိုင်သည် စာရွက်စာတမ်း ၊ ကျောင်းသို့ ငွေသွင်းထားသည့် ဖြတ်ပိုင်း စာရွက်စာတမ်းများကို သက်သေပြနိုင်သည့် အခြေအနေမှသာ ပြန်လည် အမ်းပေးမည် ဖြစ်ပါသည်။
(၁) မြန်မာနိုင်ငံရှိ ဂျပန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်မှ ဗီဇာငြင်းပယ်နိုင်သည့်အချိန်အခါ
(၂) အကယ်၍ ဂျပန် လူဝင်မှု ကြီးကြပ်ရေးမှု ပြည်ဝင်ခွင့်ငြင်းပယ်ခံရသည့်အချိန်အခါ
(၃) ဗီဇာလျှောက်ထားခြင်းမရှိဘဲ မိမိသဘောဖြင့် ကျောင်းဝင်ခွင့်ကို ငြင်းပယ်သည့်အခါ
ဖုန်းဖြင့် ဆက်သွယ်ရန် 029-846-7811
ကျောင်းဖွင့်ချိန် မနက် ၉နာရီ မှ ညနေ ၆နာရီ
ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ။